Featured Video

Monday, June 6, 2011

မိုးရာသီ အတွင်း မျိုးစပါး အခက်အခဲရှိနိုင်လို့ ဒေသခံ အချို့ဆို


နယူးဒေလီ( ရခိုင်ရိုးမ) May 26, 2011
ရခိုင်ပြည်နယ် ဂီရိ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခရေ အချို့နီရာတိမာရေ ဒေနှစ်မိုးတွင်းကာလမှာ မျိုးစပါး  အခက်အခဲရှိနိန်ကြောင်း ဂီရိသင့်ဒေသတိမာ လူမှုရေး လုပ်ငန်းတိ လုပ်နီရေ လူတိနန့် ဒေသခံ အချို့က ပြောပါရေ။
မုန်တိုင်းတိုက်ခတ်ခလို့ မျိုးစပါးတိ ပျက်စီးလားခရေ အတွက်  ဒေဂုပိုင်မိုးတွင်းကာလမာ လယ်ယာအတွက် မိုးစပါး  အခက်အခဲရှိလာစွာဖြစ်တေလို့ မြေပုံမြို့နယ် ပြိုင်းချောင်းကျေးရွာက ဒေသခံတဦးက ရခိုင်ရိုးမကိုပြောပါရေ။
“မျိုးစပါးက ကောင်းရှားနီပါရေ။  လယ်ထွန်ဖို့ အတွက်ကို မရှိစာပါ။ ဒေနှစ်မိုးတွင်းခါ ဇာစပါးနန့်စိုက်ကတ်ရဖို့ မသိဗျာ။ ဖေသာရှိရေလူတိကတော့ တခြားနယ်တိကိုလားပနာ ၀ယ်လို့ရရေ။ မရှိလူတိကတော့ ဇာပိုင်လာမယ်မသိ၊ နောက်ပြီးကေ ၀မ်းစာလဲ မရှိဒေ မိုးရာသီမှာ စားဖို့အတွက်၊ ကောင်းခက်ခဲနီပါရေ” လို့ သူကပြောပါရေ။
မျိုးစပါးရှားပါမှုရေ မြေပုံမြို့နယ်မှာ အဓိက ဖြစ်နီပြီးကေ  မိုးစပါးဝမ်းစာ သိုလှောင်မှုတိရေ ဂီရိဆိုင်ကလုန်းမုန်တိုင်းမာ ပါလားရေအတွက် ဒေသခံလယ်လုပ်သားတိ ဂုပိုင် မျိုးစပါးရှားပါးမှုနန့် ကြုံနီရခြင်း ဖြစ်ပါရေ။
ယင်းပိုင် လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးကို  ဒေသခံအများစုမှာ ငွေကြေးအကျပ်တည်းရှိနီလို့ အများအပြားဝယ်နိုင်ဖို့ အခြီအနီ မရှိဖြစ်နီပါရေ။ မွန်မြတ်ဂရုဏာရှင်များ အဖွဲ့က ၀န်ထမ်းတဦးကရေ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းခတ်ခရေ ဒေသတိမာ လယ်ယာစိုက်ပျိုးရန်အတွက် မိုးစပါး အလုံအလောက်မရှိကြောင်း ရခိုင်ရိုးမကိုပြောပါရေ။
“ဟုတ်ပါရေ ဒေနှစ်တော လယ်သမားတိ မျိုးစပါးအတွက် အခက်အခဲ ရှိပါရေ။ ဇာလဲဆိုကေ ဂီရိခါက တိုက်ခတ်ခရေမုန်တိုင်းကြောင့် မျိုးစပါးနန့်ဝမ်းစာ အလုံအလောက်မရှိရေအတွက် ဒေနှစ်မိုးရာသီမှာ စားသောက်ရေး အခက်အခဲ ရှိနိုင်ရေပိုင်၊ လယ်သမားတိအတွက်လဲ အခက်အခဲရှိနိုင်ပါရေ” လို့ အဆိုပါဝန်ထမ်းတဦးက ပြောပါရေ။
ယေကေလည်း NGO အများစုကရေ မျိုးစပါးရှားပါးမှုပြဿနာကို အာရုံစိုက်မှုအားနည်းနီရေလို့ ဒေသခံတိက ပြောကတ်ပါရေ။
ကျောက်ဖြူမြို့နယ် ရွှေညိုမကျေးရွာက ဒေသခံတဦးကလဲ မျိုးစပါး ခက်ခဲမှုရှိကြောင်း မြို့နယ် မန်နေဂျာဘားကို မျိုးစပါး ရရှိဖို့ အတွက် လျှောက်ထားကေလေ့ ဂနိထိ မရသိမ့်ကြောင်း သူက ဆိုပါရေ။
“ကျနော်ရို့ (၂၀၁၁-၂၀၁၂) စပါးစိုက်ရာသီအတွက်  မျိုးစပါးခက်ခဲနီလို့ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း  မန်နေဂျာဘားကို လျှောက်ထားပါရေ။ သင့်တော်ရေ ဈိးနှုန်းနန့်ရောင်းချပီးဖို့အတွက် ယေလဲ အခုထိ အကြောင်းမပြန်ပါသိမ့်” လို့ အမည်မဖော်လိုရေ ရွှေညိုမ ရွာသားတဦးက ရခိုင်ရိုးမ ကိုပြောပါရေ။
ဂီရီမုန်တိုင်းသင့် ဒေသတိမာရေ မျီုးစပါး ရရှိဖို့ အတွက် သက်ဆိုင်ရာဌာနတိပါးက သက်သာရေ ဈီးနှုန်းတိနန့် တင်ပြမှု ရှိကေလဲ  သက်ဆိုင်ရာဌာနက ရောင်ချပီးမှု မရှိသိမ့်ကြောင်း သိရပါရေ။

0 comments:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More