
မလကျွန်း အနီးတ၀ိုက်ရှိ အေးရှားဝေါ ကုမ္မဏီမှ သိမ်းယူထားသော လယ်ယာမြီများ
“အရင်လဲ ဒေ၀ူးက သိမ်းထားစာတိရှိရေ၊ အဂု အေးရှားဝေါက ထပ်သိမ်းလိုက်တေ၊ လယ်သမားတိ ဇာစွာလုပ်စားကတ်ဖို့လဲ မသိယာ၊ လျှော်ကြေးလည်းမရပါ။ အသိမ်းခံရရေ လူတိက မလကျွန်းရွာကပါ၊ လယ်ရှင် ငါးဦးပါ။
ဒေနိရာတိကို သိမ်းဖိုပျင်စာကြာပါယာ၊ သူရို့ရွာကိုတောင် ဖြိုပလိုက်ဖို့ ပျင်နီစွာ” လို့ရွာခံသားတဦးက ပြောပါရေ။
ကျောက်ဖြူမြို့နယ်ရှိ မလကျွန်းရွာရေ အိမ်ခြေ ၂၀၀ကျော်ရှိရေ ရခိုင်ရွာဖြစ်ပြီးကေ ယင်းအနီးတ၀ိုက်မာရေ ၀က်စ်သိုလှောင်ဖို့အတွက် ဒေ၀ူးက အဆောက်ဦးတိ ဆောက်လုပ်နီကြောင်း သိရပါရေ။
ယင်းအတွက်ကြောင့် လုပ်ငန်းရှင်တိက လယ်ယာမြီကွက်တိကို သိမ်းယူလာရေပိုင် ဒေသခံတိလည်း ရရေဈီးနန့်ရောင်းချလာ
စာ ဖြစ်တေလို့သိရပါရေ။
“ ကျနော်ရို့မာ ဆိုးစာတခု ရှိပါရေ မြီကိစ္စပါ၊ နိုင်ငံခြားတိနန့် ပြည်တွင်းဗမာ
စီးပွားရီးလုပ်ငန်းရှင်တိက ကျောက်ဖြူမြို့နယ်ရေ စီးပွားရေးအရ အချက်အချာကျ နီရာဖြစ်တေအတွက် ပင်ကမ်းခြီတလျှောက် နေရာတိကို ဈီးအများကြီးပီးပနာ ၀ယ်နီကတ်တေ၊ ရောင်းရေလူတိလည်း ရှိရေ။ ရောင်းရေလူကလည်း ဒေမြီတိကို
ဈှီးကောင်းကောင်းနန့် ရောင်းလိုက်ကေလည်း ယင်းရရေငွေနန့် မြီတကွက်ပြန်ရဖို့ မလွယ်ပါဗျာ။ မြီပျောက်ဖိုစီမံကိန်းပါ၊ အဂု လည်း ကျောက်ဖြူနယ်မာ မြီကွက်တိအားလုံးကို စီးပွားရေးလုပ်ငန်းရှင်တိ ၀ယ်ထားကတ်ဗျယ်“လို့ သူက ရှင်းပြပါရေ။
အေးရှားဝေါကုမ္ပဏီရေ ကျောက်ဖြူမြို့နယ်အတွင်း ဒေ၀ူးကုမ္ပဏီဂက်စ်သိုလှောင်းရေလုပ်ငန်းနန့် တခြားကန်ထရိုက်လုပ်ငန်းတိကို လုပ်ကိုင်နီရေ ကုမ္ပဏီဖြစ်ပါရေ။
အလားတူ ကျောက်ဖြူမြို့နယ်အတွင်း စီမံကိန်း နယ်မြီတိမှာပါဝင်ရေ ကျေးရွာတိကို ဖြိုဖျက်ဖို့ အလားအလာရှိရေပိုင် ကျောက်ဖြူမြှို့ မြစ်နားတန်းကိုလည်း ဖြိုပျက်ဖို့သတင်းတိ ထွက်ပေါ်နိန်ပြီးကေ တရုတ်ကုမ္ပဏီတိ စီမံကိန်းအရ ကျောက်ဖြူတမြို့လုံး ပြောင်းရွိ့ခံရဖို့ အနီအထားတရပ်မှာ ရှိလာပါရေ။
ယင်းအပြင် လယ်ယာမြီတိကို စီးပွားရေးလုပ်ငန်းရှင်တိ သိမ်ယူထားလို့ ကျွဲနွားအတွက်
စားကျက်မြီတိ မရှိဗျာဖြစ်ကြောင်း ဒေသခံတိက ဆိုပါရေ။
တဖက်မာလည်း စီးပွားရေးအကျပ်တည်းကာလတခုကို ရင်ဆိုင်နီရလို့ ဘိုးဘွားပိုင်မြီယာ၊ အိမ်ယာခြံတိကို ရောင်းချမှုပိုများလာခြင်းဖြစ်ကြောင်း သိရပါရေ။
ယင်းပိုင် တစတစ မြီယာရောင်းချလာမှုကြောင်း တဖက်မာရခိုင်လူထုအတွက် မြီယာပိုင်ဆိုင်မှု နည်းပါးလာကြောင်း ဒေသခံတိ သုံးသပ်ပြောဆိုနိန်ကတ်ပါရေ။
0 comments:
Post a Comment