နယူးဒေလီ( ရခိုင်ရိုးမ) June 01-06-2011

မြေပုံမြို့နယ် ကုက္ကို ကျေးရွာက အုပ်ချုပ်ရေးမှု ဖြစ်သူ ဦးလုံးမောင်ရေ လယ်သမား ၁၂ ဦး အတွက် ကျပ်ငွေ ကိုးသိန်းရှစ်သောင်း ကို လယ်သမားတိပါးကို လက်ရောက်မပီးဘဲ သုးံဖြူန်းလိုက်ရေအတွက် လယ်သမားတိ ဒုက္ခရောက်နီရကြောင်း အဆိုပါကျေးရွာက လယ်သမားတဦးက ဆိုပါရေ။
“ ငွေက ပြည်နယ်အစိုးရဘားက ရေ လယ်သမား၁၂ ယောက် အတွက် ချပီးထားရေငွေပါ ၈ ရက် ငါးလပိုင်းက ပင်ပါ။ ယင်းငွေကို ကျနော်ရို့လားတောင်းခါ မပီးလို့ပြောပါရေ။ မင်းရို့တိုင်ချင်နရာမှာတိုင်ခီဆိုပနာ ပြောပါရေ။ အဂုလယ်သမားတိ ယင်းဖေသာ မရလို့ လယ်ထွန်ဖို့စာတောင် ခက်ခဲနီပါယာ”လို့ ဒေသခံက ပြောပြပါရေ။
ဂီရိသင့်ဒေသတိမာ လယ်ယာထွန်ယက်ဖို့ အတွက် အခက်အခဲ ရှိနီလို့ ကုက္ကို ကျေးရွာ၊ ရေရှင် ကျေးရွာက လယ်သမားတိအတွက် ပြည်နယ်အစိုးရက ကနီ ထုတ်ပီးခကေလဲ ကျေးရွာ အုပ်ချုပ်ရေးမှုက လယ်သမားတိကို မပီးဘဲ မိမိကိုယ်ကျိုးအတွက် အသုံးချနီစွာဖြစ်တေလို့ သိရပါရေ။
အခု ယင်းကျေးရွာက လယ်သမားတိရေ အထက်ကို စာတင်ဖို့ အတွက် စီစဉ်နီကေလဲ အုပ်ချုပ်ရေးမှုက ခြိမ်းခြောက်ထားရေအတွက် မတိုင်ဝံ့ဖြစ်နီကြောင်း ဒေသခံတိက ဆိုပါရေ။
အလားတူ ကျောက်ဖြူမြို့နယ် မှာ ယင်းပိုင်မျိုး အာဏာပိုင် တချို့က ဂီရိသင့်ဒေသက ပြည်သူတိအတွက် ထောက်ပံ့ရေငွေကို ဖြတ်စားမှုတိဟိနီကြောင်း သိရပါရေ။
“နယ်ဘက်တိမာက ကောင်းဆိုးဝါးနီသိမ့်ရေ။ စပါးစိုက်ဖို့မျိုးစပါးမဟိပါ၊ နောက် မိုးရာသီအတွက် စားသောက် ဖို့ ၀မ်းစာလုံလောက်မှု မရှိဖြစ်နီကတ်တေ” လို့မြေပုံမြို့ခံတဦး က ရခိုင်ရိုးမကိုဖုန်းက တဆင့် ပြောကြားခပါရေ။
၅-လပိုင်း လောက်က ကျောက်ဖြူမြို့နယ်မှာ မိုးရွာသွန်းခရေနောက်ပိုင်း ငဇရိုင်းကျွန်း အတွင်းရှိ ပြည်သူ အများစုရေ အစားအသောက် အခက်အခဲ ရှိနီကြောင်း ကျောက်ဖြူမြို့ခံအသိုင်းဝိုင်းကဆိုပါရေ။
ဂီရိသင့်ဒေသတိမှာ ဂနိအချိန်ထိ ဂီရိသင့်ပြည်သူတိရေ စားဝမ်းနေရေးဖုံလှုံမှု မရရှိသိမ့်ရေပိုင် အလုပ် အကိုင်တိလဲ မည်မည်ရရ မရှိသိမ့်ကြောင်းလဲ သိရပါရေ။
0 comments:
Post a Comment